How to Use | Buy | FAQ

This Agreement was last modified on 1st October 2021

အကောင့်အသစ် ကို ဘယ်လို register ‌လုပ်ရမလဲ။

မှတ်ချက် – Email ကိုလည်း verify လုပ်ရန် လိုအပ်ပါတယ်၊ email verified မဖြစ်သေးပါက order တင်သည့်အခါ Checkout နှိပ်သည့် အချိန်တွင် logout ဖြစ်တက်ပါသည်။

Verify လုပ်ရန် – CE Store Verify Mail ကို လူကြီးမင်း၏ Email Inbox တွင် ရှာပြီး click here နှိပ်ပေးပါ။ တစ်ခါတရံတွင် SPAM Mail တွင် ရောက်နေတက်ပါတယ်။ အောက်တွင် email နမူနာပုံ ပြပေးထားပါတယ်။

—— CE Store’s Verification Sample Mail ——

——————————————————–

ကုန်ပစ္စည်းတွေ website မှာ ဘယ်လို ဝယ်ရမှာလဲ?

  1. ပထမဦးဆုံး ကျွန်တော်တို့၏ website တွင် new customer များအနေဖြင့် account အသစ်ဖွင့်ရန် လိုအပ်ပါတယ်။
  2. လိုအပ်သောပစ္စည်းများ ရှာဖွေပြီး တွေ့ရှိသော ကုန်ပစ္စည်းတိုင်းကို Add to cart နှိပ်ထားပေးပါ။
  3. ပြီးလျှင် Cart ထဲသို့ ဝင်‌ရောက်၍ ကုန်ပစ္စည်းများကို စစ်ဆေးပြီး Proceed to checkout ကို နှိပ်ပါ။
  4. Checkout သို့ ရောက်ရှိလျှင် Customer details ကို စစ်ဆေး ပြီးရင် continue ကိုနှိပ်ပါ။ Billing Address ထဲက လိပ်စာနှင့် ပစ္စည်းလက်ခံမည့်နေရာ ပြောင်းလဲမှုရှိပါက “Ship to a different address?” တွင် အမှန်ခြစ်မှတ်ပေးပါ။ ပြီးလျှင် Shipping Details တွင် ပစ္စည်းလက်ခံမယ်သူ နှင့် လိပ်စာ ကို မှန်ကန်စွာ ဖြည့်ပေးရပါမည်ဖြစ်သည်။ ပြီးလျှင် အောက်ရှိ continue ကို နှိပ်ပါ။
  5. Enter Coupon သည် သင့်တွင် coupon code ရှိပါက ထည့်နိုင်ပါသည်။
  6. Shipping တွင် ဖော်ပြထားသော shipping method ကို သင့် ကြိုက်နှစ်သက်ရာ ရွေချယ်နိုင်ပါသည်။
  7. ငွေပေးချေမှုအပိုင်းတွင် Direct bank transfer, Cash, Cash On Delivery (COD) နှင့် Wallet Payment မှ တစ်ခုကို ရွေးချယ်ပေးပါ။
  8. I have read and agree to the website terms and conditions” တွင် အမှန်ခြစ်မှတ်ပေးပြီ Place order ကို နှိပ်ပေးရမည်။
  9. Order received စာမျက်နှာသို့ ‌ရောက်လျှင် မှာယူထားသော ‌အချက်အလက်များကို သေချာစွာ စစ်ဆေးပေးပါ။ ( မှတ်ချက် – Direct bank transfer ကို ရွေးချယ်ထားလျှင် ငွေကြိုလွှဲ ပေးရမည်ဖြစ်သည်။ ငွေလွှဲထားသော ပြေစာ (Bank Transfer Slip) ကို “Uploaded file” တွင် upload လုပ်ပေးရမည်ဖြစ်သည်။ ) (Cash on delivery နှင့် Wallet Payment ကို ရွေချယ်ထားလျှင်‌ ငွေလွှဲပြေစာ ထည့်ရန် မလိုပါ။)
  10. လူကြီးမင်းတို့မှ ဝယ်ယူခြင်းလုပ်ငန်စဥ်များ အဆင့်ဆင့် ပြီးစီးပါက ကျွန်တော်တို့မှ order အတည်ပြုခြင်း လုပ်ငန်းစဥ်ကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်ပေးမည်ဖြစ်သည်။
  11. အတည်ပြုပြီးပါက လူကြီးမင်းတို့၏ ကုန်ပစ္စည်းအမှာစာများကို ပေးပို့ခြင်းလုပ်ငန်းစဥ် စတင်ပါမည်။
  12. လူကြီးမင်းတို့ဆီသို့ ကုန်ပစ္စည်း ‌ရောက်ရှိလာသည့် အချိန်တွင် ဝယ်ယူခြင်းလုပ်ငန်းစဥ် ပြီးဆုံးပါသည်။

Pre-Order ဆိုတာ ဘာလဲ?

ကျွန်တော်တို့၏ CE Store တွင် stock in hand မထားရှိသော ကုန်ပစ္စည်းများကို ဝယ်ယူခြင်းဖြစ်သည်။ ကျွန်တော်တို့၏ Pre-Order ရည်ရွယ်ချက်မှာ ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်များနှင့် စျေးနှုန်းများ သက်သာစေရန်ဖြစ်သည်။ Pre-Order ကုန်ပစ္စည်းအများစုတွင် Warranty များနှင့် After Sales Service များ ရရှိနိုင်ပါသည်။

Pre-order ကုန်ပစ္စည်းများကို ဝယ်ယူခြင်းများအတွက် လူကြီးမင်းတို့ဘက်မှ Order ဝယ်ယူခြင်း လုပ်ငန်းစဥ်အတိုင်း ပြုလုပ်ပြီး‌‌‌ ငွေကြိုလွှဲပြီးသည်နှင့်တစ်ပြိုင်နက် order confirmed ဖြစ်ပြီး ကုန်ပစ္စည်းပေးပို့ခြင်းလုပ်ငန်းကို စတင်မည်ဖြစ်သည်။

(မှတ်ချက် – Pre-Order တွင် Cash on delivery (COD) ဖြင့် ဝန်ဆောင်မှု မရရှိနိုင်သေးပါ။)

ငွေပေးချေခြင်း နည်းလမ်းများ?

ကျွန်တော်တို့၏ CE Store website တွင်

Cash on delivery
အိမ်ရောက် ငွေချေ ဝယ်ယူခြင်းဖြစ်ပြီး ငွေသားလက်ငင်း ပေးချေရမည်ဖြစ်ပါသည်။

Cash
Store တွင် လာရောက်ဝယ်ယူပြီး ငွေသားနှင့် ပေးချေခြင်း ဖြစ်သည်။

Direct bank transfer
Mobile Banking, E-Payment (KBZ Pay, CB Pay, AYA Pay, Wave Money) များနှင့် ပေးချေခြင်း ဖြစ်သည်။ ( Order တွင် Direct bank transfer ကို ရွေးချယ်ထားပါက ငွေကြိုလွှဲ ပေးရပါမည်။)

Wallet Payment
မိမိ၏ ‌Account balance ထဲသို့ ‌ငွေကြိုတင် ထည့်သွင်းပြီး ဝယ်ယူနိုင်သည်။ My account ထဲမှ My wallet သို့ဝင်ပြီး Wallet topup ကို နှိပ်၍ Enter amount တွင် ‌အနည်းဆုံး 20000 MMK မှ အများဆုံး 100000 MMK အထိထည့်သွင်းနိုင်ပြီး ‌add ကို နှိပ်၍ order process အတိုင်းးလုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။

PCB Card များ ကို မည်ကဲ့သို့ Inquiry လုပ်ရမည်နည်း?

ကျွန်တော်တို့၏ CE Store website ရှိ PCB Card Service တွင် လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း၍ Request Quote ကို နှိပ်ပြီး စုံစမ်းနိုင်ပါတယ်။

လူကြီးမင်းတို့၏ PCB card စျေးနှုန်းကို မိနစ်ပိုင်းအတွင်း Email, Social app သို့ မဟုတ် ဖုန်းဆက်၍ အကြောင်းပေးပါသည်။

CE Store တွင် Oversea မှ Item များကို မည်ကဲ့သို့ Inquiry လုပ်ပြီး Order တင်ရမည်နည်း?

ကျွန်တော်တို့၏ CE Store website ရှိ Oversea Items Inquiry တွင် Product Link နှင့် ကုန်ပစ္စည်း၏ဓာတ်ပုံများ ကို အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်း၍ Request Quote ကို နှိပ်ပြီး စုံစမ်းနိုင်ပါတယ်။ လူကြီးမင်း၏ စုံစမ်းမှုကို ၂၄နာရီအတွင်း ပြန်လည်ဖြေကြားပေးပါမည်ဖြစ်ပါသည်။

လက်ရှိတွင် ယခု service ကို ‌ခေတ္တရပ်ထားပါသည်။

အရေအတွက် များများ ယူရင် စျေးပိုသက်သာနိုင်လား?

ဟုတ်ကဲ့ သက်သာနိုင်ပါတယ်။

ကျွန်တော်တို့၏ CE Store သည် retail နှင့် wholesale price ဆိုပြီး သတ်မှတ်ပေးထားသောကြောင့် လူကြီးမင်းတို့ လိုအပ်သော အရေအတွက်သည် wholesale အရေအတွက်ကို ပြည့်မှီပါက ပို၍သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

(မှတ်ချက်- ကုန်ပစ္စည်းတစ်ခု နှင့် တစ်ခု wholesale အရေအတွက် မတူညီပါ။)