
အသိပေးအကြောင်းကြားခြင်း
- လူကြီးမင်းတို့ ပေးပို့ထားသော Link အတိုင်းသာ ဝယ်ယူပေးမည် ဖြစ်ပါသည်။ Taobao , Tmall ပစ္စည်း မှာယူလိုပါက မှာယူလိုသည့် ပစ္စည်း အမျိုးအမည်၊ အရေအတွက်၊ website/app link (or) QR နှင့် ရွေးချယ်ထားသည့် အချက်အလက်များပါသော Screenshot ပုံနှင့် တကွ ကျွန်တော်တို့၏ CE Facebook Chatbox (or) Pre order website page တွင် အချက်အလက်များ ဖြည့်သွင်းပေးရပါမည်။
www.taobao.com
www.tmall.com - 100% Downpayment ပေးချေးပြီးမှ order confirmed ဖြစ်ပါမည်။
- သယ်ယူပို့ဆောင်ခ Kg ကို CE Store (ရန်ကုန်) ရောက်သည့် အချိန်မှ အကြောင်းကြားပေးမည်ဖြစ်ပါသည်။ kg များကို ပေါင်းပြီး ချိန်ပေးပါသည်။ အလေးချိန်များသော ပစ္စည်းများကို kg နဲ့ တွက်ယူပြီး ထုထည်ကြီးသော ပစ္စည်းများကို CBM နဲ့ တွက်ယူပါသည်။ 0.1 kg ရှိလျှင် 1 kg ဟု သတ်မှတ်ပါမည်။
- ပေးပို့ထားသော link သည် ပစ္စည်းမှာယူသည့် အချိန်ကျမှ ၎င်း ဆိုင်ဘက်မှ ပစ္စည်းမပေးပို့နိုင်ခြင်း၊ ပစ္စည်းမရှိတော့ခြင်း၊ link active မဖြစ်တော့ခြင်းများ ဖြစ်ပေါ်လာပါက လူကြီးမင်းတို့ ငွေလွှဲထားသော မြန်မာငွေ အတိုင်း အတိအကျ Refund လုပ်ငန်းစဥ်များ ဆောင်ရွက် ပေးပါသည်။
- ပုံမှန်မဟုတ်သော လမ်းကြောင်း အခြေအနေများ ဖြစ်ပေါ်လာပါက အခြားလမ်းကြောင်း အသုံးပြုပြီး ပို့ဆောင်ခြင်း (သို့မဟုတ်) လမ်းကြောင်း အခြေအနေ ကောင်းသည် အထိ စောင့်ဆိုင်း ပေးရပါမည်။ လမ်းကြောင်း အခြေအနေပေါ်မူတည်ပြီး ကြန့်ကြာမှုများ ဖြစ်ပေါ်လာပါက Order များကို Refund လုပ်ငန်းစဥ်များ လုံးဝ ဆောင်ရွက် ပေးမည် မဟုတ်ပါ။
- ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးသော လုပ်ငန်းစဥ်များ ဆောင်ရွက် ပေးမည် မဟုတ်ပါ။
- ရန်သူမျိုး (၅)ပါး ကြောင့် ပျက်စီး ဆုံးရှုံးမှုများကို လုံးဝတာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။
- ကန့်သတ်ပစ္စည်းများ၊ ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများကို သယ်ယူပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ် ပေးမည် မဟုတ်ပါ။
အသေးစိတ် သိရှိလိုပါက ရုံးဖွင့်ချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။