သင့်မှာ အင်ဂျင်နီယာ ပရောဂျက် တစ်ခုအတွက် စိတ်ကူးကောင်းကောင်းရှိနေပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေ လိုက်ရှာစုရတာ၊ ပြဿနာဖြေရှင်းရတာနဲ့ ဘတ်ဂျက်တွက်ချက်ရတာတွေက Project တည်ဆောက်ဖို့ အိပ်မက်ဆိုးကြီး တစ်ခုလိုဖြစ်နေပြီလား?
ဒါဆိုရင် စိတ်မပူပါနဲ့၊ ကျွန်တော်တို့က အကောင်းဆုံးရလဒ်ရရှိအောင် ကူညီဖို့ အသင့်ရှိပါတယ်။
ကျွန်တော်တို့ရဲ့ အတွေ့အကြုံရှိ အင်ဂျင်နီယာအဖွဲ့က ကျောင်းသားများအတွက် အောက်ပါဝန်ဆောင်မှုများကို ပေးပါတယ်။
ပရောဂျက်ဖန်တီးပေးခြင်း – သင့်စိတ်ကူးကို အသေးစိတ်ဆွေးနွေးပြီး ခိုင်မာတဲ့ ပရောဂျက် အစီအစဉ်တစ်ခု ရေးဆွဲပေးပါမယ်။ လိုအပ်တဲ့ အီလက်ထရောနစ် ပရောဂျက်တစ်ခုလုံးကို ကျွန်တော်တို့ တည်ဆောက်ပေးပါမယ်။
တည်ဆောက်ခြင်းနှင့် Code ရေးသားခြင်း – Hardware တွေနဲ့ Code တွေကို ပညာရှင်ဆန်ဆန် စနစ်တကျ တည်ဆောက်ပေးပါမယ်။
Presentation Training – ပရောဂျက်တစ်ခုတည်ဆောက်ပေးရုံနဲ့ မပြီးပါဘူး။ ပရောဂျက်ရဲ့ အသေးစိတ်အချက်အလက်တိုင်းကို သေချာနားလည်စေဖို့ သင့်နဲ့အတူ အချိန်ပေးပြီး ရှင်းပြပေးပါမယ်။ ပရောဂျက်ကို ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သေချာနားလည်စေဖို့နဲ့ ဆရာတွေရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ ရှင်းပြနိုင်ဖို့ သင်တန်းပေးပါမယ်။
စာရွက်စာတမ်းရေးသားခြင်း – Project report တွေ၊ Documentation လုပ်ရန် Technical Data များနှင့် နည်းလမ်း၊ စာရွက်စာတမ်းတွေကို ရှင်းရှင်းလင်းလင်းနဲ့ ပညာရှင်ဆန်ဆန်ရေးသားနိုင်ဖို့ ကူညီပေးပါမယ်။
မိမိ လိုချင်တဲ့ Service Plan ကို စိတ်ကြိုက် ရွေးချယ်နိုင်ဖို့အတွက် Plan လေးတွေလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။
လိုချင်တဲ့ပရောဂျက်ရော၊ ကျွမ်းကျင်စွာ ရှင်းပြနိုင်မယ့် အတတ်ပညာပါ တစ်ခါတည်း ရရှိပါမယ်။
သင့်ရဲ့ပရောဂျက် စိတ်ကူးကို အခမဲ့ဆွေးနွေးဖို့ အခုပဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
