ကမ္ဘာမြေနေ့ (International Earth Day) Leave a comment

ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေနေ့ (Earth Day) ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ အရာအားလုံးကို ပေးစွမ်းထားတဲ့ ဒီကမ္ဘာမြေကြီးကို ကျေးဇူးတင်ရမယ့်နေ့ဖြစ်သလို၊ တစ်ဖက်မှာလည်း အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမယ့် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

CE Store အနေနဲ့ နည်းပညာဟာ ကမ္ဘာမြေကို ထိခိုက်စေဖို့ မဟုတ်ဘဲ ကာကွယ်ဖို့၊ တိုးတက်ဖို့နဲ့ ရေရှည်အနာဂတ်တည်ဆောက်ဖို့ အသုံးဝင်နိုင်တယ် လို့ ယုံကြည်ပါတယ်။

“ကမ္ဘာကြီးကို ကယ်တင်ဖို့” ဆိုတာ ကြီးမားတဲ့ လုပ်ရပ်တွေပဲ လုပ်ဖို့လိုတာမဟုတ်ပါဘူး။

နေ့စဉ်ဘဝထဲက သေးငယ်တဲ့ အပြောင်းအလဲလေးတွေကနေတောင် ကြီးမားတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

နေ့စဉ်ဘဝမှသည် ကမ္ဘာမြေဆီသို့…

🛍️ တစ်ခါသုံး ပလတ်စတစ် လျှော့သုံးပါ

ဈေးဝယ်ရင် Reusable Bag (ထည့်စရာအိတ်) အမြဲယူသွားပါ။

🌱 သစ်ပင် စိုက်ပါ

သစ်ပင်တစ်ပင် စိုက်ပျိုးခြင်းက ကမ္ဘာမြေကို အသက်ရှူရလွယ်ကူစေသလို အနာဂတ်အတွက် အစိမ်းရောင်အရိပ်အာဝါသတွေကို ပေးစွမ်းနိုင်ပါတယ်။

♻️ ဆန်းသစ်တဲ့ ပြန်လည်အသုံးပြုခြင်း

အမှိုက်တွေကို အသုံးဝင်တဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲပေးတဲ့ နည်းပညာသစ်တွေဟာ စွန့်ပစ်ပစ္စည်း ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။

🔋E-Waste ကို စနစ်တကျ စွန့်ပစ်ပါ

အီလက်ထရွန်းနစ်ပစ္စည်းအဟောင်းတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ စွန့်ပစ်ခြင်းက မြေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

💡 Smart Innovation ကို အသုံးချပါ

စွမ်းအင်ချွေတာတဲ့ Smart Home နဲ့ IoT solutions တွေကို အသုံးပြုခြင်းဟာ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးပြီး ကာဗွန်ညစ်ညမ်းမှုကို လျော့နည်းစေကာ၊ ကမ္ဘာကြီးပူနွေးမှုကို တားဆီးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ဒီနေ့ ရွေးချယ်မှု က နောက်မျိုးဆက် ကမ္ဘာမြေရဲ့ အနာဂတ် ပါပဲ။

ပိုကောင်းတဲ့ ကမ္ဘာကြီးတစ်ခုကို အတူတကွ ဖန်တီးကြပါစို့။

🎶Make it a better place For you and for me

Leave a Reply